Isaiah 22:5
ကောင်းကင် ဗိုလ်ခြေသခင်အရှင်ထာဝရ ဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူ သဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက် နှောင့်ရှက်ရာကာလ၊ မြို့ရိုးကို ဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေ ပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 25:10ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
Isaiah 5:5ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည်။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့်။ သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုကိုဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည်။
Isaiah 22:1ဗျာဒိတ်ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ်တော် ကား၊ သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့ တက်ရမည် အကြောင်း၊ အဘယ်အမှု ရောက်သနည်း။
Isaiah 37:3ဟေဇကိမင်းမှာ ထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ်၏။ သားဘွားချိန်ရောက်၍သားကို ဘွားနိုင် အောင်ခွန်အားမရှိ။
Lamentations 1:5သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ၍၊ သူ၏ရန်သူ တို့သည်ကောင်းစားကြပြီ။ သူ၏သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ။
Lamentations 2:8ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။