Isaiah 24:3
တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
The land shall be utterly emptied, and utterly spoiled: for the LORD hath spoken this word.
In Context
Cross References
Leviticus 26:30သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့ အသေကောင် များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ၍၊ သင်တို့ကို စက်ဆုပ်ရွံရှာမည်။
Deuteronomy 29:28ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီး လျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင် အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
Isaiah 6:11အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့ သည် မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူဆိတ် ညံရာသက်သက်ဖြစ်သည်တိုင်အောင်၎င်း၊
Isaiah 22:25ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ဆွဲထားသော ဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
Isaiah 42:22ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ်၏။ ရှိသမျှတို့သည် တွင်း၌ အချုပ်ခံရ၍၊ ထောင် ထဲမှာ ပုန်းကွယ်လျက်နေကြ၏။ ဖျက်ဆီးရာဖြစ်သော အခါ၊ အဘယ်သူမျှ မနှုတ်မယူ။ လုယူရာဖြစ်သောအခါ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို။
Ezekiel 36:4အိုဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင် ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား၊