Isaiah 24:7
သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ၏။
1835 Judson Burmese Bible
In The King James Version
The new wine mourneth, the vine languisheth, all the merryhearted do sigh.
In Context
8သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်း မြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ။
Cross References
Isaiah 16:10ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။
Isaiah 32:10သတိမရှိသောမိန်းမတို့၊သင်တို့သည် တနှစ်လွန် မှပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်း ခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။
Ezekiel 6:14သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့နေလေရာ ရာပြည်ကိုသာ၍ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာဖြစ်စေ သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
Joel 1:10လယ်သည် ပျက်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည်ကုန်ပြီ။ ဆီလည်း လျော့ပြီ။