Isaiah 24:8
သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်း မြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ။
1835 Judson Burmese Bible
In The King James Version
The mirth of tabrets ceaseth, the noise of them that rejoice endeth, the joy of the harp ceaseth.
In Context
9သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။
Cross References
Psalms 137:2ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်း မခပင်တို့၌ ဆွဲထားကြ၏။
Isaiah 23:15ထိုကာလ၌ တုရုမြို့ကို၊မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှမအောက် မေ့ရ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့် မည်။
Jeremiah 16:9ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
Ezekiel 26:13သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ။
Amos 6:7ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍ နေသောသူတို့၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည်။