Isaiah 28:18
သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 2:15မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊
Isaiah 8:8ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်။ သူ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတပြင်လုံးကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလဟု မိန့်တော်မူ၏။
Isaiah 28:3ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။
Jeremiah 2:37သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရ ဘုရားသည် ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။
Jeremiah 47:2ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ် ဖြစ်လျက်၊ တပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့် မြို့၌နေသော သူတို့ကို၎င်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြ လိမ့်မည်။
Ezekiel 13:11ထိုအုတ်ရိုးသည်ပြိုလဲမည်ဟု အင်္ဂတေနှင့်မွမ်းမံ သောသူတို့အား ပြောလော့။ မိုဃ်းရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည်။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။