Isaiah 28:3
ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
The crown of pride, the drunkards of Ephraim, shall be trodden under feet:
In Context
Cross References
Isaiah 25:10အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
Isaiah 28:1စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။
Daniel 8:13ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင်၊
Revelation 11:2ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။