Isaiah 29:1
အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့ သည် အမင်္ဂလာရှိ၏။ တနှစ်ပေါ်မှာ တနှစ်ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့။
1835 Judson Burmese Bible
In The King James Version
Woe to Ariel, to Ariel, the city where David dwelt! add ye year to year; let them kill sacrifices.
In Context
Cross References
2 Samuel 5:9ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ် ပတ်လည်၌၎င်း၊ အတွင်းဘက်၌၎င်း တည်ဆောက်လေ၏။
Isaiah 1:14ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။
Isaiah 31:9သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား၍၊ သူ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း။
Jeremiah 7:21ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။
Ezekiel 43:16ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။
Hosea 8:13ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည်။