Isaiah 29:14
ထိုကြောင့်၊ အံ့ဩကြောက်မက်ဘွယ်သောအမှု ကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိ တို့၏ ပညာသည် ပျက်စီးလိမ့်မည်။ ဉာဏ်ကောင်းသော သူတို့၏ ဉာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော် မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Job 12:17တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
Isaiah 19:3အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲမှာ ပျက် လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌၎င်း၊ ပြုစားသောသူတို့၌၎င်း၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ်ကြလိမ့်မည်။
Isaiah 28:21ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ၎င်း၊ အလုပ်တော် တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက် စသတ်ခြင်းငှါ၎င်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက် တော်မူမည်။
Isaiah 44:25ငါသည် မိစ္ဆာဆရာတို့၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ် ၏။ ပညာရှိတို့ကို လှန်၍ သူတို့၏ပညာကို မိုက်စေတတ် ၏။
Jeremiah 19:7ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည်။
Obadiah 1:8ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဉာဏ် ကောင်းသော သူတို့ကို၎င်း ငါပယ်ရှားမည်။