Isaiah 29:4
သင်သည် နှိမ့်ချခြင်းကို ခံ၍မြေထဲက ပြောရ လိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့် မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုးမြွက်ဆိုရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
3ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုး နှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။
Cross References
Isaiah 2:11ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။
Isaiah 8:19တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။
Lamentations 1:9သူ၌မစင်ကြယ်သော လက္ခဏထင်ရှားသော် လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။