Isaiah 3:24
မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်း ထုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌လျှောတေကြိုး၊ လှသော အဆင်းရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
23လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။
25သင်၏ လူတို့သည် ထားလက်နက်ဖြင့်၎င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်၎င်း လဲ၍ ဆုံးရှုံးကြ လိမ့်မည်။
Cross References
Deuteronomy 28:22ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ထားဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍၊ သင်သည် မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။
Esther 2:12ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လ ပတ်လုံးမုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ၏။
Proverbs 7:17ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
Isaiah 4:4ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေး ကြော၍၊ ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။
Isaiah 15:3လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။
Isaiah 32:9ငြိမ်သက်စွာနေသော မိန်းမတို့ထကြ။ ငါပြော သံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါစ ကားကို နားထောင်ကြလော့။