Isaiah 30:25
များစွာသော လူတို့ကို သတ်၍၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှား သော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်း များရှိကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 2:14မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊
Isaiah 32:14ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေ တွင်းနှင့် ပြည်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်။
Isaiah 35:6ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ် ရေစီးလိမ့်မည်။
Isaiah 41:18မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။
Isaiah 44:3အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။
Ezekiel 17:22တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ မြင့်သော အာရဇ်ပင်၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ်၍၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည်။