The Bible Software
Isaiah · 1835 Judson Burmese Bible

Isaiah 31

1စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍၊မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို၎င်း၊ အားကြီးသော မြင်းစီးသူရဲတို့ကို၎င်းခိုလှုံလျက်၊ ဣသရေ လ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။

2ထိုဘုရားသည် ဉာဏ်တော်ကျယ်၍၊ သူတို့အ ပေါ်မှာ ဘေးကိုသက်ရောက်စေတော်မူမည်။ စကား တော်မပျက်ဘဲ၊ ဆိုးသောလူမျိုးကို၎င်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာ နေသောသူတို့ကို၎င်း တဘက်၌ ထတော်မူမည်။

3အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက် သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက် တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။

4ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။

5ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှ လင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။

6အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့။

7အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက် ဖြင့် အသီးအသီးလုပ်သောငွေရုပ်တု၊ ရွှေရုပ်တု တည်း ဟူသော၊ ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက် ကြလိမ့်မည်။

8အာရှုရိလူသည်လည်း၊ကြီးမြတ်သောသူ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည်။ ယုတ်သောသူ၏ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည် လည်း ထားဘေးမှ ပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည်။

9သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား၍၊ သူ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း။

← Isaiah 30Read In The App, Free →Isaiah 32 →

Study Isaiah 31

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566