Isaiah 31:4
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 14:14သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို၏။
Numbers 24:8ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည်။
Psalms 125:1ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။
Isaiah 12:6အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။
Isaiah 30:32ထာဝရဘုရားစီရင်၍၊သူ၏အပေါ်မှာ လေးစွာ ချထားတော်မူသောလှံတံသည် ရှောက်သွားရာရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့် တကွ ဖြစ်လိမ့်မည်။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည်။
Isaiah 42:13ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။