Isaiah 33:21
ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 23:15မိမိသခင်ထံကပြေး၍ သင့်ထံသို့ ရောက်သော ကျွန်ကို သခင်၌ မအပ်ရ။
Psalms 46:4မြစ်တမြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ်၏။
Isaiah 41:18မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။
Isaiah 66:12ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
Acts 7:2သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင် ကြပါလော့။ ငါတို့ အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမှီ၊ မေသောပေါတာမိအရပ်၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော် မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊