Isaiah 34:14
ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ခိုလှုံရာကို တွေ့လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 13:21တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။
Jeremiah 49:33ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံ တယောက်မျှမနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။
Malachi 1:3ဧသောကို ငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။