Isaiah 35:7
တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင် ပေါက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 107:35တဖန်လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သော အရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှါ ၎င်း ပြုတော်မူ၏။
Isaiah 19:6ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။
Isaiah 34:13ဘုံဗိမာန်တို့၌၎င်း၊ ရဲတိုက်တို့၌၎င်း၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည်။
Isaiah 44:3အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။
Hosea 1:10သို့ရာတွင်၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏ လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာ အရပ်၌ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ် ဝေါ်ခြင်းကို ခံရကြလိမ့်မည်။
Luke 13:29ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံတော်ထဲ တွင် လျောင်းရကြလတံ့။