Isaiah 36:13
ရာဗရှာခသည် ထ၍ ယုဒဘာသာ စကားအား ဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင် မင်းကြီး အာရှုရိ ရှင်ဘုရင်၏ အမိန့်တော်ကို နားထောင် ကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 17:8ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက် ၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ။
2 Chronicles 32:18တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ၏။
Psalms 73:8ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။
Isaiah 8:7ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း၍၊ မိမိကမ်များကို လျှံလျက်၊
Isaiah 36:4ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင် ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံ သဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။
Daniel 4:37ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။