Isaiah 36:8
သို့ဖြစ်၍၊ ယခုတွင်ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက် အောင်ရှိလျှင်၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 17:40တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။
1 Kings 20:18စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ၊ စစ်တိုက် ခြင်းငှါ ထွက်သည်ဖြစ်စေ၊ အရှင်ဘမ်းဆီးကြဟု မိန့်တော် မူ၏။
2 Kings 18:23သို့ဖြစ်၍ယခုတွင် ငါ့သခင် အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကိုငါပေးမည်။
Psalms 20:7အချို့သောသူတို့သည် ရထားကို၎င်း၊ အချို့တို့ သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည်။
Isaiah 10:13ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။