Isaiah 37:6
ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့ ၍၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။
1835 Judson Burmese Bible
In The King James Version
In Context
5ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေ ရှာယထံသို့ ရောက်လာကြ၏။
Cross References
Leviticus 26:8သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။
2 Kings 19:5ဟေဇကိမင်းစေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။
2 Chronicles 20:15ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့ သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီး ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။
Isaiah 7:4သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
Isaiah 35:4အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။
Isaiah 43:1အိုယာကုပ်အမျိုး၊ ဣသရေလအနွှယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါ ရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။