Isaiah 37:7
ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွား လိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စ ကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 32:21ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိ ပြည်သို့ပြန်သွား၏။ မိမိဘုရား၏ ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။
Job 15:21သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
Isaiah 10:16ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။
Isaiah 17:13အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူ သော ကြောင့်၊ အဝေးသို့ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြ လိမ့်မည်။
Isaiah 30:28ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်း ရှင်းဖျက်ဆီးခြင်းငှါ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မှီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပစပ်၌ ခွံ့တော် မူလိမ့်မည်။
Isaiah 33:10ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထ မည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက်မည်။