Isaiah 38:16
အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင် ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကို ရှင်စေတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 8:3ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော် မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရား သခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။
Psalms 30:3အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ။ သင်္ချိုင်း တွင်းထဲသို့ မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာ ပေးတော်မူပြီ။
Psalms 119:25အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ။
Matthew 4:4ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
2 Corinthians 4:17အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။