Isaiah 39:7
သင်နှင့်နွှယ်၍ရသော သင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 24:12ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
2 Kings 25:6ရန်သူတို့သည် ရှင်ဘုရင်ကိုဘမ်းဆီး၍ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊
2 Chronicles 36:10နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
Jeremiah 39:7ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။
Daniel 1:1ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။