Isaiah 40:10
ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီး သော တန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရ တော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ ပါလျှက်၊ ဆုလပ်တော်သည် ရှေ့တော်၌ ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 15:1ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
Psalms 66:3ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။
Psalms 110:6ငါ၏သခင်သည် တပါးအမျိုးသားတို့တွင် တရား စီရင်လျက်၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည်။
Isaiah 49:4ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသော အခလည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
Isaiah 51:5ငါ၏ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ။ ငါ့လက်ရုံး သည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။
Isaiah 59:15သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူ သည် လုယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။