Isaiah 41:14
အိုတီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသော သူဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 7:7သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။
Job 19:25ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
Psalms 19:14အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော။ အိုထာဝရဘုရားအကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား။
Isaiah 37:4အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊
Isaiah 43:14သင်တို့ကို ရွေးနှုတ်သော သခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။
Isaiah 44:24သင့်ကို ရွေးနှုတ်တော်မူ၍၊ ဘွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်း ကြက်လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။