Isaiah 41:29
သူတို့သည် အကြွင်းမဲ့အနတ္တဖြစ်ကြ၏။ သူတို့ အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေသက်သက်ဖြစ်ကြ၏။
1835 Judson Burmese Bible
In The King James Version
Behold, they are all vanity; their works are nothing: their molten images are wind and confusion.
In Context
Cross References
1 Samuel 12:21ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
Psalms 115:4သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
Isaiah 41:24သင်တို့သည် အဘယ်မျှမဟုတ်သော အရာ ထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ်၏။
Isaiah 46:7ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွား သဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ၏နေရာမှ သူမရွေ့နိုင်။ သူ့ကို အော်ဟစ် သော်လည်း၊ သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ် မနှုတ်နိုင်။
Jeremiah 10:2ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာ ပလူတို့၏ ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာ ပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုဃ်းကောင်းကင် နိမိတ်တို့မှ မထိတ်လန့်မကြောက်ကြနှင့်။
Zechariah 10:2တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင်၍၊ မမှန်သော အိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီးနှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့ လည် သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။