Isaiah 41:5
တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက် ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
1835 Judson Burmese Bible
In The King James Version
The isles saw it, and feared; the ends of the earth were afraid, drew near, and came.
In Context
6အိမ်နီးချင်းတယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။
Cross References
Genesis 10:5ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။
Joshua 2:10သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
Psalms 65:8အဝေးဆုံးသော အရပ်တို့၌နေသော သူတို့သည် ကိုယ်တော်၏ နိမိတ်များကို မြင်၍ ကြောက်ရွံ့ကြ ပါ၏။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ၏။
Psalms 66:3ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။
Ezekiel 26:15တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ်၍၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။