Isaiah 42:17
ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
18နားပင်းသော သူတို့၊ ကြားကြလော့။ မျက်စိ ကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့။
Cross References
Exodus 32:8ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊
Psalms 135:18လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။
Isaiah 44:9ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့နှမြောသောအရာ တို့သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။
Isaiah 44:17ကျန်သောအပိုင်းကိုလည်း ယူ၍ ရုပ်တုတည်း ဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ် ၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ဟူ၍ ဆုတောင်းတတ်၏။
Jeremiah 2:26ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသ ရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။