Isaiah 42:6
ငါ ထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည်ဖြစ်၍၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 26:3သစ္စာစောင့်၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။
Isaiah 41:13အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။
Isaiah 43:1အိုယာကုပ်အမျိုး၊ ဣသရေလအနွှယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါ ရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။
Isaiah 49:1တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြ လော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
Isaiah 49:8ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊
Isaiah 60:1သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။