Isaiah 43:22
သို့သော်လည်း၊ အိုယာကုပ်အမျိုး၊ သင်သည် ငါ့ကို ပဌနာမပြု။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။
1835 Judson Burmese Bible
In The King James Version
But thou hast not called upon me, O Jacob; but thou hast been weary of me, O Israel.
In Context
21ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။
Cross References
Job 21:14ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
Psalms 14:4မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ထာဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့ သည် မသိဘဲ နေရကြသလော။
Isaiah 64:6အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။
Jeremiah 2:5ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်း သို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌ အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။
Jeremiah 2:31ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တောကဲ့သို့၎င်း၊ မှောင်မိုက်နိုင်ငံကဲ့သို့၎င်း ဖြစ်ဘူး သလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော်ထံသို့ နောက်တဖန်မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။
Daniel 9:13မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည် အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။