Isaiah 44:13
လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား ၍၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင်၊ အိမ်၌နေစေ ခြင်းငှါ ကွန်ပါနှင့် ရေးသား၍၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 31:30ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန် အောက် မေ့သောကြောင့်၊ သွားရသည် ဟုတ်စေတော့။ ငါ၏ ဘုရားတို့ကို အဘယ်ကြောင့် ခိုးယူခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။
Genesis 35:2ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ် ကြလော့။ အဝတ်ကို လဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။
Deuteronomy 4:16နောက်တဖန် သင်တို့သည် လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊
Deuteronomy 27:15ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု၊ သွန်းသော ဆင်းတုကို လုပ်၍ မထင်ရှားသော အရပ်၌ ထားသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည်။
Judges 18:24မိက္ခာက၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော်၊-
Isaiah 41:7ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသော သူသည်။ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ်၏။