Isaiah 47:13
သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုဃ်းကောင်းကင်ကို ကြည့်ရှုသော သူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ဖြစ်လတံ့သော အမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ၍ သင့်ကို ယခု ကယ်တင်ကြစေ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 44:25ငါသည် မိစ္ဆာဆရာတို့၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ် ၏။ ပညာရှိတို့ကို လှန်၍ သူတို့၏ပညာကို မိုက်စေတတ် ၏။
Isaiah 57:10ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။
Ezekiel 24:12ကြိုးစား၍ ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။
Daniel 5:7ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာ တို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင်၊ ထိုစာကို ဘတ်၍ အနက် ကို ဘော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယ မင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ၍၊
Daniel 5:30ထိုညဉ့်၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာ မင်းသည် အသက်ဆုံး၍၊