Isaiah 48:1
အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်း ကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 35:10သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။
Leviticus 19:12ငါ့နာမကို တိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ် မချရ။ ငါသည် ထာဝရဘုရား ဖြစ်၏။
Deuteronomy 5:28ထိုသို့ သင်တို့သည် ငါ့အားလျှောက်သော စကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရား ကလည်း၊ ဤလူမျိုးသည် သင့်အား လျှောက်သော စကားသံကို ငါကြားရပြီ။ လျှောက်လေသမျှသော စကား သည် လျောက်ပတ်ပေ၏။
Deuteronomy 10:20သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
2 Kings 5:20ဘုရားသခင်၏လူဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက်၊
Psalms 50:16မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံး အဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း။