Isaiah 48:22
မတရားသော သူတို့၌ ချမ်းသာမရှိဟု ထာဝရ ဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
There is no peace, saith the LORD, unto the wicked.
In Context
Cross References
2 Kings 9:19ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။
Isaiah 57:20မတရားသော သူတို့မူကား၊ မငြိမ်နိုင်ဘဲ လှုပ် ရှား၍၊ ရွှံ့နှင့်အမှိုက်ကို ပက်သောပင်လယ်ရေနှင့် တူကြ ၏။
Isaiah 66:24ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည်မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။ ပရောဖက်ဟေရှာယစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
Romans 3:17ချမ်းသာလမ်းကိုသူတို့မသိကြ။