The Bible Software
bible.software › Isaiah › Isaiah 48 › Isaiah 48:4

Isaiah 48:4

သင်သည် ခိုင်မာသော သဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့်၊

1835 Judson Burmese Bible

In The King James Version

Because I knew that thou art obstinate, and thy neck is an iron sinew, and thy brow brass;

In Context

3ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။

5အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှု ကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ။

Read all of Isaiah 48

Cross References

Exodus 9:7ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသ ရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။

Exodus 33:3နို့နှင့် ပျားရည်စီးသော ပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့် အတူ ငါကိုယ်တိုင် မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ၏။

Deuteronomy 10:16သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ် လော့။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။

2 Kings 17:14သူတို့သည်နားမထောင်။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်း ကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။

2 Chronicles 36:13ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။

Nehemiah 9:28တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 48:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 48:3Isaiah 48Isaiah 48:5 →