Isaiah 49:10
သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကို လည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
11ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
Cross References
Psalms 121:5ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ျာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။
Isaiah 4:6နေ့အချိန်၌လည်း နေပူကိုကွယ်ကာသောတဲ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံရာဖြစ်လိမ့် မည်။
Isaiah 25:4ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။
Isaiah 33:16ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူ အား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။
Isaiah 40:11မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော် မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
Jeremiah 31:9ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။