Isaiah 49:13
အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 89:13တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာလက်တော်သည် မြင့်ပါ၏။
Psalms 96:12လယ်ပြင်နှင့် လယ်ပြင်၌ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ရှိသမျှသော အပင်တို့ သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။
Psalms 148:9တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
Isaiah 40:1သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။
Isaiah 44:23အိုမိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရား ပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင် များတို့၊ ကျူးဧသော အသံကို ပေးကြလော့။ ထာဝရဘုရား သည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။
Isaiah 52:9ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီ တညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနှုတ်တော်မူပြီ။