Isaiah 49:20
သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန်သော သားတို့က၊ နေရာမလောက်ပါ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Joshua 17:14ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော်၊
Isaiah 51:3ထိုသို့နှင့်အညီ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံး စုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့ သို့၎င်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ ၎င်း ဖြစ်စေတော်မူသဖြင့်၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင် လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်း နှင့် ပြည့်စုံလိမ့်မည်။
Isaiah 60:4အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည်။
Matthew 3:9အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။