Isaiah 49:9
ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ် တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 25:54ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှ လွှတ်ရမည်။
Psalms 22:26နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည်။
Psalms 69:33ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။
Psalms 107:10ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသော ဘုရား၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့်၊
Isaiah 5:17ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်းဘူး၍။ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြ လိမ့်မည်။
Isaiah 41:18မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။