Isaiah 5:22
စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီးသော သူတို့သည် အမင်္ဂလာရှိကြ၏။
1835 Judson Burmese Bible
In The King James Version
Woe unto them that are mighty to drink wine, and men of strength to mingle strong drink:
In Context
21ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
Cross References
1 Kings 20:16မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသော မင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။
Proverbs 31:5သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
Isaiah 28:1စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။
Isaiah 56:12လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။