Isaiah 52:11
ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြ လော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 5:2တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏ အသေကောင် အစရှိသော မစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ ထိမိသဖြင့်၊ မစင်ကြယ် ရာသို့ ရောက်၍ အပြစ်ရှိသော်၎င်း၊
Leviticus 11:26ခွါမကွဲပြားသော တိရစ္ဆာန်၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့ အသေကောင်ကို ထိသမျှသော သူတို့သည် မစင်ကြယ်ကြ။
Leviticus 11:47ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သော တိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှ နှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။
Leviticus 21:6သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။
Numbers 16:26ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြ ပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊
Ezra 1:7ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို၊