Isaiah 56:5
သားသမီးတို့ ထက်မြတ်သောအရာ၊ မြတ်သော နာမကို ငါ့အိမ်၊ ငါ့တန်တိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 26:1ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစ ကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သော မြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူ လိမ့်မည်။
Isaiah 55:13အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။
Isaiah 62:12သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ၍၎င်း၊ သင်သည် သူတပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍၎င်း သမုတ်ခြင်းကို ခံရလိမ့်မည်။
John 1:12ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
1 Timothy 3:15ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။
1 John 3:1ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။