Isaiah 57:9
ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။
1835 Judson Burmese Bible
In The King James Version
In Context
10ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။
Cross References
Proverbs 7:17ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
Isaiah 30:1ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏။ ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယဖွဲ့၍ အထပ်ထပ်အပြစ်ရောက် ကြ၏။
Ezekiel 16:33ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍မတရားသော မေထုန်ကိုပြုစေခြင်းငှါ၊ သူတပါး တို့ကို ငှါးတတ်၏။
Ezekiel 23:40ထိုမှတပါး၊ သင်သည်တမန်တို့ကို စေလွှတ်၍၊ ဝေသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဘို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင်၊
Hosea 7:11ဧဖရိမ်သည် ဉာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေး တတ်၏။
Colossians 2:18ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင် သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌၎င်း မွေ့လျော် သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။