Isaiah 6:1
ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 24:10ဣသရေလအမျိုး၏ ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့၎င်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့၎င်း ထင်လေ၏။
1 Kings 8:10ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
1 Kings 22:19မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက်၌ ရပ်နေကြသည်ကို၎င်း ငါမြင်ပြီ။
2 Chronicles 26:22ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှ အစ အဆုံးတို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယသည် ရေးထားလေ၏။
Job 42:5သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။
Psalms 108:5အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။