Isaiah 60:19
နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသော အလင်းမဟုတ်၊ ညဉ့်အချိန်၌လည်း၊ လ အရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရား သခင်သည် သင်၏ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 10:21ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
Psalms 4:2အချင်းလူသားတို့၊ အဘယ်မျှ ကာလပတ်လုံး ငါ၏ဘုန်းကို ရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ် လုံး အနတ္တကို နှစ်သက်၍ မုသာကို လိုက်ရှာကြမည် နည်း။
Psalms 62:7ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။
Isaiah 24:23လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။
Zechariah 2:9သူတို့ကို ငါတိုက်၍ သူတို့၏ ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
Revelation 21:23ထိုမြို့သည် နေ၏အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။