Isaiah 60:5
ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့် ဘက်သို့ ပြောင်းလဲ၍၊ တပါးအမျိုးသားတို့၏ စည်းစိမ် သည် သင့်လက်သို့ ရောက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 33:19ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။
Psalms 34:5ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်း လွတ်ကြလိမ့်မည်။
Psalms 98:7ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊
Isaiah 24:14ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်။
Isaiah 60:11တပါးအမျိုးသားတို့၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့၍၊ သူတို့၏ရှင်ဘုရင်တို့ကိုလည်း ပို့သမည် အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည်။
Isaiah 66:12ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။