Isaiah 60:6
ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 25:3ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ် လူတည်း။
Genesis 25:13မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
Judges 6:5အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တိရစ္ဆာန်များ၊ တဲများပါလျက်၊ ကျိုင်းကောင်များပြားသကဲ့သို့၊ သူတို့နှင့် ကုလားအုပ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ၏။
1 Kings 10:2နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။
1 Chronicles 1:33မိဒျန်သားကား ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိ ဒါဧလဓာတည်းဟူသော ကေတုရ သားမြေးတည်း။
Psalms 67:4လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အကြောင်းမူကား၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍၊ မြေကြီးပေါ်မှာ ရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။