The Bible Software
Isaiah · 1835 Judson Burmese Bible

Isaiah 61

1ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊

2ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရား သခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော စေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊

3စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့ စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘော အရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေး စေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။

4ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်။

5တပါးအမျိုးသားတို့သည် ရပ်လျက်၊ သင်တို့သိုးစု များကို ထိန်းကျောင်းကြလိမ့်မည်။ တကျွန်းတနိုင်ငံသား တို့သည် သင်တို့အဘို့ လယ်လုပ်၍၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။

6သင်တို့မူကား၊ ထာဝရဘုရား၏ ယဇ်ပုရော ဟိတ်ဟူ၍၎င်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍ ၎င်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို စား၍၊ သူတို့၏ ဘုန်းအသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။

7သင်တို့အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကို ခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့ အဘို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဘို့ကို အမွေခံရ၍၊ ထာဝရဝမ်းမြောက်ခြင်း နှင့် ပြည့်စုံကြလိမ့်မည်။

8အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှု နှင့် အဓမ္မအမှုကို မုန်း၏။ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည်။ သူတို့နှင့် ထာဝရပဋိညာဉ်ကို ဖွဲ့မည်။

9သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တပါးအမျိုးသားနေရာအရပ်ရပ်၌ ကျော်စောကြလိမ့် မည်။ သူတို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သော အမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကို မြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။

10ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်း မြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင် လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့၎င်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။

11မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့၎င်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူ လိမ့်မည်။

← Isaiah 60Read In The App, Free →Isaiah 62 →

Study Isaiah 61

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566