Isaiah 63:3
စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။
1835 Judson Burmese Bible
In The King James Version
In Context
4အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။
Cross References
2 Kings 9:33ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊
Isaiah 25:10အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
Isaiah 63:6လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။
Ezekiel 38:18အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင်ဂေါဂသည် ဣသရေလပြည်ကို တိုက်လာ သောကာလအခါ၊ ငါသည်ဒေါသအရှိန် ထ၍ အမျက် ထွက်လိမ့်မည်။
Zechariah 10:5သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။
Revelation 14:19ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ၊ ဘုရား သခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ၏။