Isaiah 63:6
လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Job 21:20ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
Psalms 75:8ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့်ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြ၏။
Isaiah 26:5မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော် မူ၏။ မြင့်မြတ်သောမြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။
Isaiah 49:26သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့၏အသား နှင့် ငါကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Isaiah 51:21သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ် ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။
Jeremiah 25:16သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊