Isaiah 64:10
သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ။
1835 Judson Burmese Bible
In The King James Version
Thy holy cities are a wilderness, Zion is a wilderness, Jerusalem a desolation.
In Context
Cross References
1 Chronicles 23:5လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။
Psalms 79:1အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော် ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။
Isaiah 1:7သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
Jeremiah 52:13ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
Lamentations 1:7ယေရုရှလင်မြို့သည် ဆင်းရဲငြိုငြင်ခြင်းကို ခံရစဉ်တွင်၊ အရင်ခံစားဘူးသော စည်းစိမ်ကို အောက်မေ့ ၏။ သူ၏လူတို့သည် ရန်သူလက်သို့ ရောက်၍ မစသော သူမရှိသောအခါ၊ ဆန့်ကျင်ဘက်ပြုသောသူတို့သည် သူ၏အမှုကိုမြင်၍၊ သူ၏ဆုံးခြင်းကိုကဲ့ရဲ့ကြ၏။
Lamentations 2:4ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။